အမ်း မတ် ၁၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလ၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နေ့လယ်အချိန်က ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း ကျောင်းသား ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျ ရေးဆွဲတတ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်သည်။
အခြေခံပန်းချီရေးဆွဲ နည်းသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက နွေရာသီကာလတွင်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ပြည်သူစာကြည့်တိုက်သို့ လာရောက်ပြီး စာပေဗဟုသုတများကို လေ့လာဖတ်ရှုနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များရှိ ကျောင်းသား ကျောင်းသူ(၂၅)ဦး တက်ရောက်၍ မတ်လ (၁၆)ရက်နေ့မှ(၂၀) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမင်းထွန်း