မိုင်းရယ် မတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ ကလေးငယ်များအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ခေါက်သင်တန်းကို ယမန်နေ့နေ့လည်(၁)နာရီက မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မိုင်းရယ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာက ကလေးငယ်များအတွက် လူငယ်ရေးရာအသိပညာပေးအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ဟောပြောပါသည်။
ယင်းနောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ခေါက်နည်းသင်တန်းများပြုလုပ်ရာ မိုင်းရယ်မြို့ပေါ်မှ ကလေးငယ်များ(၁၅)ဦး တက်ရောက်ခဲ့ပါသည်။ ပြိုင်ပွဲများအပြီးတွင် ကလေးငယ်များမှပြသထားသည့် လူငယ်ရေးရာအသိပညာပေးစာစောင်များအား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)