ရမ်းဗြဲ မတ် ၁၇
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ (အခမဲ့) ဖြန်ဝေခြင်းကို ယမန်နေ့ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တက္ကသိုလ်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ ကျောင်းသူများ အား (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြာက် တပ်မတော်နေ ့ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀) ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် (၂၇-၃-၂၀၂၂)ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ဖိုးလေးလုံးသောင်းကိုကို ရေးသားသည့် ပြည်သူချစ်တဲ့တပ်မတော်ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့ ဆောင်ပါးနှင့် တပ်မတော်၏ ဆောင်ပုဒ်များဖြင့် ဝေဝေဆာဆာဖော်ပြပါရှိသည်။
၎င်းသတင်းစကားလက်ကမ်းစာစောင်အား ဌာနဆိုင်ရာများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)