နမ့်စန်(တ) မတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ အသိပညာပေးခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Basic English Grammar and Speaking သင်တန်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်မောင်မောင်သက်လွင်က သင်တန်းသားသင်တန်းသူများအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၂ ခုနှစ်လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများနှင့် လူငယ်လူရွယ်များ ယာဉ်စည်းကမ်းလိုက်နာပြီး ဘေးကင်းစွာမောင်းနှင်နိုင်ရေးတို့ကို အသိပညာပေးပြောကြားခဲ့ပြီး အန္တရာယ်သတိပေးလမ်းညွှန်းများ (အဝါရောင်)၊ တားမြစ်ခြင်း နှင့်ကန့်သတ်ခြင်းလမ်းညွှန်းများ(အနီရောင်)နှင့် အမိန့်ပေးခြင်းလမ်းညွှန်းများ(အပြာရောင်) စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသရှင်းလင်းပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ဝန်ထမ်းများက သင်တန်းသားသင်တန်းသူများကို အခြားအသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)