ပေါက်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စျေးဆိုင်တန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး

ပေါက်တော မတ် ၁၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၃)ရပ်ကွက် စျေးဆိပ်ဖောင်တော်ဆိပ်ကမ်းရှိ စျေးဆိုင်တန်းများအား ယမန်နေ့နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး  ဦးညီလင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၃)ရပ်ကွက်  စျေးဆိပ်ဖောင်တော် ဆိပ်ကမ်းရှိ စျေးဆိုင်တန်းများတွင် တရားမဝင်လောင်စာဆီများ သိုလှောင်ထားခြင်းများ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများသိရှိစေရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဆိုင်ဘုတ်များထားရှိစေရေး၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများထားရှိ အသုံးပြုတတ်စေရေးတို့ကို အကြံပြုကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)