ပုဗ္ဗသီရိမြို့နယ်တွင် ပန်းကြယ်သီးထိုးနည်းနှင့် ပန်းပွင့်ပြုလုပ်နည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား

ပုဗ္ဗသီရိ မတ် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပန်းကြယ်သီးထိုးနည်းနှင့် ပန်းပွင့်ပြုလုပ်နည်း(အခမဲ့) သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်များနွေရာသီကျောင်းပိတ်ရက်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းကြယ်သီးထိုးနည်း (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆရာမ ဒီဇိုင်နာချယ်ရီမှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် သင်တန်းနည်းပြ ဆရာမဒီဇိုင်နာချယ်ရီက ကြိုးချုပ်နည်း၊ ပုစဉ်းခေါင်းသီး၊ စပယ်ပန်းပုံ၊ ထပ်တရာ ပန်းပုံ၊ နှာမောင်းပုံ၊ လိပ်ပြာပုံ၊ ခရုခွေပုံ၊ စင်္ကြာပန်းပုံ၊ ပန်းခက် အနွယ်ပုံစသည့် ပန်းကြယ်သီးထိုးနည်းများကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကျောင်းသား/ သူ လူငယ် ၁၅ ဦးတက်ရောက်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့ မှ ၁၈ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)