မိုင်းယန်းခရိုင်/ မိုင်းယန်းမြို့၌ နွေရာသီအခြေခံအားကစားနည်း သင်တန်းဖွင့်လှစ်

မိုင်းယန်း မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းကို တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီအားကစားသင်တန်းမှ ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးနိုင်ရေးအတွက် အခြေခံအားကစားနည်းသင်တန်းကို မတ် ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အားကစားခန်းမ၌ ဖွင့်လှစ်သည်။

အဆိုပါသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ ဘောလီ ဘော၊ အေရိုးဗစ် စသည့်အားကစားနည်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းကို မတ် ၂၀ ရက်မှ ဧပြီ ၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ကြောင်း  သိရသည်။

ထွန်းထွန်းထူး