နွေရာသီအားလပ်ရက် အားကစားသင်တန်းများဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်း  မတ်  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနကြီးမှူးကျင်းကာ နွေရာသီအားလပ်ရက်အတွင်း အကျိုးရှိစေရန်ကျောင်းသား၊ လူငယ်မျာအား အားကစားသင်တန်းများ ဖွင့်လှစ်ပြီးရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင် အာကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းကရမည်းသင်းခရိုင်အတွင်းအားက စားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက်ရရှိသော အကျိုးကျေးဇူးများနှင့် ပူးပေါင်းလှုပ်ရှားဆောင်ရွက်တတ်စေရန်တို့ကို  ရှင်းလင်းပြောကြားသည်။

ထို့နောက် နွေရာသီအားကစားသင်တန်း ဘောလုံးစွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်းသည့် သင်တန်းသားများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မဉ္ဇူမြင့်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ အငယ်တန်းဆင့်ဘောလုံးသင်တန်း၊ အကြီးတန်းဆင့် ဘောလုံးသင်တန်း၊ ကြက်တောင်သင်တန်း၊ ပိုက်ကျော်ခြင်သင်တန်း၊ ရိုးရာခြင်းလုံးသင်တန်း၊ ဘော်လီဘောသင်တန်း၊ အေရိုးဗစ်သင်တန်းနှင့် Myanmar Fitness  Dance အကသင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက် မှတ်များအားတာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

 ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)