မြင်းခြံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

မြင်းခြံ မတ် ၁၆

မြင်းခြံမြို့အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် (၉) နာရီကချိန်က ကွင်းဆင်း စစ်ဆေးခဲ့သည်။

ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အတွက် မီးသတ်ဆေးဘူး ဆောင်ရွက်ထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ရေစက် များ စနစ်တကျထားရှိရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးမှုတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနောင်နောင်အောင်၊ ဦးနိုင်လင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းအာကာအောင်၊ ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။       

ကျော်စွာ(မြင်းခြံ)