သာစည်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

သာစည် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  ကျောင်းသား/သူများ  နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များ၌ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနကကြီးကြပ်ပြီးနွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မတ်လဒုတိယပတ်က ဘောလုံး၊ ဘော်လီဘောနှင့် မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်းသင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများကို ကရာတေး၊  မြန်မာ့သိုင်း၊  မြန်မာ့ရိုးရာခြင်းလုံးကစားနည်း၊ ဘော်လီဘော၊  ဘောလုံးနှင့် Fitness Dance အားကစားနည်း ၆ မျိုး  ဖွင့်လှစ်သွားမည်ဖြစ်ရာ ကရာတေးသင်တန်းကို မတ် ၁ ရက်က စတင်ဖွင့်လှစ်ပေးပြီး ကျန်ရှိနေသော မြန်မာ့သိုင်းနှင့် Fitness Dance သင်တန်းများကိုဖွင့်လှစ်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူးဦးဟိန်းဇာထွန်းထံက သိရသည်။

အဆိုပါ ဖွင့်လှစ်ပြီးသော သင်တန်းများကို ကျွမ်းကျင်နည်းပြများက အခြေခံမှစတင်၍ သတ်မှတ်နေရာများတွင် သင်ကြားပေးလျက်ရှိပြီး   တက်ရောက်လိုသူများ အနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်