ကော့မှူး၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကော့မှူး မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ်များ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ပြည့်စုံစေရန်၊ လူငယ်နှင့်စာ‌ပေ၊ လူငယ်နှင့်စာရိတ္တ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးစသည့် လူငယ်များနှင့်ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်များအသိပညာဗဟုသုတတိုး‌ပွားစေ‌ရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များအား ပြသထားရာ လူငယ်များစိတ်ပါဝင်စားစွာ ကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ ကော့မှူး