မဘိမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

မဘိမ်း မတ် ၁၆        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂ဝ၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို အထက-မဘိမ်းစာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းသား၊ ကျောင်းသူ ၇၅ ဦး အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

မဘိမ်းမြို့နယ်ရှိ အထက-မဘိမ်းစာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပထဝီဝင်ဘာသာရပ်ကို စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ  ၉၂ ဦးရှိပြီး ၇၅ ဦးဝင်ရောက်ဖြေဆိုသဖြင့် ဖြေဆိုသူ ၈၁.၅၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမင်း (မဘိမ်း)