ကျောက်ပန်းတောင်း မတ် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို၊ ကျောက်ပန်းတောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက၊ ယနေ့ မွန်းတည့်(၁၂:၁၅)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနတွင် စာမေးပွဲဖြေ ကျောင်းသား/ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင် (၇၆၅) စောင်အနက်မှ စာစစ်ဌာန(၄)ခုတွင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား (၁၅-၃-၂၀၂၃)ရက်နေ့နှင့် (၁၆-၃-၂၀၂၃) ရက်နေ့တို့တွင် စောင်ရေ (၄၆၀)ကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ပြီး၊ ကျောက်ပန်းတောင်း တပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့ဝင် မိသားစုများရှိ ကျောင်းသား/ကျောင်းသူများထံ စောင်ရေ (၃၀၀) ကို၊ တပ်နယ်တာဝန်ရှိသူများမှတဆင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)