မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေး

မာန်အောင်  မတ် ၁၆

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးသို့ သွားရောက်၍ ဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား  စာအုပ်၊စာစောင်ကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ ဝတ္တု၊မဂ္ဂဇင်း၊စာစောင်စသည့် စာအုပ်များဖြင့်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ရုံးရှိ ဝန်ထမ်းများလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။

မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်သူများ အဆင်ပြေစေရန်  Mobile Library ဖြင့် စာအုပ်စာစောင်များကို တစ်ပတ်ငှားရမ်းပြီး အသစ်လှဲလှယ်ပေးသည့်စနစ်ဖြင့် အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)