ငါန်းဇွန် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား အိမ်ဆောက် ပစ္စည်း၊ ဆန်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာ အိမ်ထောင်စုများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့လွှဲပြောင်ပေးအပ်ရာတွင် ငါန်းဇွန်မြို့နယ် ငါန်းမြာကျေးရွာအုပ်စု ငါန်းမြာကျေးရွာ ဘုရင့်နောင် ရပ်ကွက်တွင် မတ်လ ၁၀ ရက်နေ့က မီးဘေးဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေကျပ်(၁၇၀,၈ဝဝိ/-)နှင့် အသုံးအဆောင်ပစ္စည်း (၁၉)မျိုးပါ (၂)ပုံးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များက မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂)စုထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)