ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ပထဝီဝင်ဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၁၄၉၃ ဦးရှိ

နေပြည်တော် မတ် ၁၆

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၅ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၆၉၈ ဦး ရှိပြီး စာမေးပွဲတွင် ပထဝီဝင်ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၄၉၃ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၇ ဒသမ ၉၃ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် စာစစ်ဌာန ၃ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၉၁ ဦး ရှိကာ ဖြေဆိုသူ ၁၆၉ ဦး ရှိပြီး ပျက်ကွက် ၂၂ ဦး၊ လယ်ဝေး မြို့နယ် စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၅၅ ဦး ရှိကာ ဖြေဆိုသူ ၄၀၈ ဦး ရှိပြီး ပျက်ကွက် ၄၇ ဦး၊ တပ်ကုန်းမြို့နယ် စာစစ်ဌာန ၁ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၈၉ ဦး ရှိကာ ဖြေဆိုသူ ၂၅၃ ဦး ရှိပြီး ပျက်ကွက် ၃၆ ဦး ၊ ဥတ္တရသီရိမြို့နယ်  စာစစ်ဌာန ၅ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၉ ဦး ရှိကာ ဖြေဆိုသူ ၉၃ ဦး ရှိပြီး ပျက်ကွက် ၆ ဦး ၊ ဒက္ခိဏသီရိမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး ရှိကာ ဖြေဆိုသူ ၉ ဦး ရှိပြီး ပျက်ကွက် ၂ ဦး၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန ၅ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၁၅ ဦး ရှိကာ ဖြေဆိုသူ ၂၈၃ ဦး ရှိပြီး ပျက်ကွက် ၃၂ ဦး၊ ဇမ္ဗူသီရိမြို့နယ် စာစစ်ဌာန ၅ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၁၁ ဦး ရှိကာ ဖြေဆိုသူ ၁၇၀ ဦး ရှိပြီး ပျက်ကွက် ၄၁ ဦး ၊ ဇေယျာသီရိမြို့နယ် စာစစ်ဌာန ၄ ခု ၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၇ ဦး ရှိကာ ဖြေဆိုသူ ၁၀၈ ဦး ရှိပြီး ပျက်ကွက် ၁၉ ဦး ၊ စုစုပေါင်း စာစစ်ဌာန ၃၅ ခု တို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၉၃ ဦးတို့  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ရဲတပ်ဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့် ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)