မန်တုံမြို့နယ်တွင် (၂)နှစ်အောက် ကလေးငယ်မျာနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေး

မန်တုံ မတ် ၁၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က မိခင်ကလေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်မာရေးဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်၊ လွယ်ကန်၊ လောက်ကျယ်၊ မန်မောက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အသက်နှစ်နှစ်အောက်ကလေးများအား အသက်အပိုင်းအခြားအလိုက် ငါးမျိုးစပ်ကာကွယ်ဆေး၊ ဂျိုက်သိုး၊ ဝက်သက်၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျောရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်တုံ (ပြန်/ဆက်)