ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပျော်ဘွယ် မတ် ၁၆

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခြင်းကို မတ်လ(၁၅)ရက်၊ နေ့လည်(၁၂)နာရီက မြို့နယ်ရုံးရှိဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အား(၁၀)ပါး၊ ပြည်သူချစ်တဲ့ တပ်မတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့၊ မြို့တော်ခန်းမတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ ပါဝင်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)