မြောက်ဦး မတ် ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အောင်တပ်ရပ်ကွက် ၊ အ.ထ.က-၂ ကျောင်း၌ ယနေ့နေ့လယ် ၁၂ နာရီအချိန်က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင်ပါရှိသော ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များပါရှိသည့် လက်ကမ်းစာစောင်များကို ကျောင်းသား၊ကျောင်းသူများကို အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)