တွံတေး မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ ကော်မတီများနှင့် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီတို့တွေ့ဆုံ၍ စာကြည့်တိုက် ရှင်သန်ဖွံဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှသိမ်း (မင်းသျှင်အောင် - တွံတေး) က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက မြို့နယ်အတွင်းရှိသော စာကြည့်တိုက်များရှင်သန်ဖွံဖြိုးတိုးတက်ရေး ဖွင့်လှစ်ပြီး စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးရေး၊ အလေးထားဆောင်ရွက်စေလိုကြောင်း၊ စာကြည်တိုက်မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် လိုက်နာရမည်စည်းကမ်းချက်များနှင့် နည်းဥပဒေပါ ကောက်နုတ်ချက်များ စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ စာကြည့်တိုက်ရေရှည်တည်တံရေးနှင့် ခိုင်မာသော စာကြည့်တိုက်ကော်မတီတစ်ရပ် ပြန်လည်ဖွဲ့စည်းရေးနှင့် စာကြည့်တိုက်များအောင်မြင်လာစေရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင် ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက စာအုပ်စာပေစုဆောင်းရေး၊ ရှိပြီးသားစာအုပ်စာစောင်များကို မပျက်စီးအောင်ထိန်းသိမ်းရေး စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုလာစေရေး၊ ကျေးရွာပြည်သူလူထု ပါဝင်ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်သည့် စာကြည့်တိုက်တစ်တိုက်ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များမှ ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက သိရှိလိုသည်များမေးမြန်းကြရာ မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီများမှ ပြန်လည်ဖြေကြားပြီး လိုအပ်သည်များ ဖြည့်စွတ်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွံတေးသား