ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Community centre ခန်းမတွင် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

ကျောက်တန်း မတ်လ ၁၆

ရန်ကုန်တိုင်ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ် စာစောင်ပြပွဲကို ယနေ့မွန်းလွဲ၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုက ပြပွဲပြခန်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ယာယီဥက္ကဋ္ဌ ဒေါ်ခင်အေးညွှန့်နှင့်အဖွဲ့ ဝင်များကခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား စိတ်ဝင်တစားလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်များ၊ သင်တန်းများ၊ စသည့်တို့ကို လစဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်း (ပြန်/ ဆက်)