ကလော မတ် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၃ ခု မှ ကျောင်းသား၊ ကျောင်းသူ (၁၁၇)ဦး စာရင်းပေးသွင်းထားပြီး (၉၇)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ကလောမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်ကြသော အ.ထ.က(၁) ကလောတွင် ၂၅ ဦး၊ အ.ထ.က(၃)အောင်ပန်းတွင် ၄၀ ဦး၊ အ.ထ.က(၄)ဟဲဟိုးတွင် ၃၂ ဦး၊စုစုပေါင်း ၉၇ ဦး ဝင်ရောက်ဖြေဆိုကြောင်း၊ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း (၈၂ဒသမ၉၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)