မိုင်းယောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်း မတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခွဲက လူငယ်ရေးရာအသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအကြောင်း၊ ရုပ်သံကျွမ်းကျင်- ဒေါ်နန်းစီဖေါင်းက လူငယ်နှင့်ရည်မှန်းချက်အကြောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင် က လူငယ်နှင့်စာရိတ္တအကြောင်း၊ လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးအကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း