ပျဉ်းမနား မတ် ၁၆
နေပြည်တော်ကောင်စီ၊ နေပြည်တော်စီပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းများမှ ပျဉ်းမနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌကိုယ်စား ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းတို့က ပျဉ်းမနားမြို့နယ်အတွင်းရှိ အုန်းတော်ကျောင်းတိုက်နှင့် ဈေးကုန်း ကျောင်းတိုက်များရှိ သံဃာတော်များအတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)