လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆောင်ရွက်

လယ်ဝေး မတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် ယနေ့နံနက် ၁၀ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးTalk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Showတွင် လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်မြတ်ဝင်းနှင့် လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်တို့က ပတ်ဝန်းကျင်၏ အဓိပ္ပာယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာရခြင်း အကြောင်းရင်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည့်အချက်များ စသည်တို့ကို မေးမြန်းဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး အနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ စာအုပ်မိတ်ဆက်၊ ကဗျာရွတ်၊ ပုံပြောခြင်း၊ လက်မှုအနုပညာများ ဖန်တီးခြင်းနှင့် အားကစားလေ့ကျင့်ခန်းများ စသည်တို့ကို Online မှ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)