နောင်ချိုမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သတ္တမနေ့) ပထဝီဝင်ဘာသာရပ် ဖြေဆိုပြီးစီး

 

နောင်ချို  မတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(သတ္တမနေ့) ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင်  အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၃တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ရက်နေ့မှ စတင်ဖြေဆို လျက်ရှိရာ (သတ္တမနေ့)   ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား (၃၈) ဦး၊ ကျောင်းသူ(၆၂)ဦး၊ စုစုပေါင်း(၁၀၀)ဦး ရှိသည့်အနက်မှ ကျောင်းသား(၃၄)ဦး၊ ကျောင်းသူ (၆၀)ဦးဖြေဆိုခဲ့ကြကာ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၆)ဦးရှိပြီး  ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၀) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ထွေးငယ်(ပြန်/ဆက်)