သာစည် မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသား/သူများ တပ်မတော်နေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မတ် ၁၅ ရက်မွန်းတည့်ချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးသည့် ကျောင်းသား/သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင် (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ၁၉၄၇ ခု ဇူလိုင် ၁၃ ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ၂၀၂၂ ခုမတ် ၂၃ ရက်မြန်မာ့အလင်းသတင်းစာမှ ပြည်သူချစ်တဲ့တပ်မတော်၊ အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် တို့ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)