ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ဗဟန်း မတ် ၁၆

စာ​ပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိ​​စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့၊ နံနက် ၉ နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ တိမ်မြုပ်နေသောဖြည့်ဆည်းရန်ကွက်လပ်များစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း​ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်နီလာမြင့်ဦးဆောင်၍ ​အမျိုးသမီးတွေအပေါ်အကြမ်းဖက်ခြင်းနှင့်ပတ်သက်ပြီး အဓိပ္ပယ်ဖွင့်ဆိုချက်အကြောင်းများ၊ ညှဉ်းပန်းနှိပ်စက်ခံအမျိုးသမီးတွေမှာကြုံတွေ့ရသည့် ရောဂါလက္ခဏာစု‌ပေါ်ပေါက်လာရသည့် အကြောင်းအရာများ၊ လိင်ပိုင်းဆိုင်ရာခံယူမှုနှင့်တိမ်းညွတ်မှုအစရှိသည့် အချက်တွေကိုအခြေခံပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာ ဥပဒေများကိုအကောင်အထည်ဖော် လေ့လာစောင့်ကြည့်မှုများ ပြုလုပ်ဖို့လိုအပ်ပါကြောင်းအစရှိသည်ဖြင့် ဖတ်ရှု​ဆွေး​နွေးပြီး တက်ရောက်လာသူစာ​ပေချစ်မြတ်နိုးသူများမှ ပြန်လည်​ဆွေး​နွေးကြ​ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး