ပင်လောင်း မတ် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင် စစ်တုရင်ပြိုင်ပွဲကို မတ်လ ၁၄ ရက်နေ့မှ စတင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း ပြိုင်ပွဲများ ဆက်လက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ချိန်ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီအားကစားသင်တန်းများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေး ဌာနတို့ ပူးပေါင်း၍ မတ်လအတွင်းဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အခြေခံစစ်တုရင်သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မတ်လ ၄ရက်နေ့မှ ၁၃ ရက်နေ့အထိဖွင့်လှစ်
သင်ကြားပေးခဲ့ပြီးဖြစ်ရာ ပြိုင်ပွဲအားမတ်လ ၁၄ ရက်နေ့ မှ ၁၈ ရက်နေ့အထိ တိုင်အမှတ် (ဆွစ်)စနစ် ဖြင့်ယှဥ်ပြိုင်ကစားမည်ဖြစ်ပြီး အမှတ် အနည်း/အများ ပေါ်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်တန်းနည်းပြဆရာတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)