လှည်းကူး မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါအသိပညာပေး(TalkShow)ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် လှည်းကူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးကျော်မင်းညွန့်(လှည်းကူး)က တပ်မတော်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် တပ်မတော်၏ဆောင်ရွက်ချက်များကို လူငယ်၊ လူရွယ်များသိရှိစေရန် အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)