ပင်းတယ မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပထဝီဝင်ဘာသာရပ်တွင် စာရင်းရှိ ၂၂၂ ဦး၊ ဖြေဆိုသူ ၂၀၂ ဦး၊ ပျက်ကွက်သူ ၂၀ ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း ၉၀.၉၉ ရာခိုင်နှုန်းနှင့် ပျက်ကွက်သည့် ရာခိုင်နှုန်း ၉.၀၁ ဖြစ်ကြောင်း သိရသည်။
စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ပင်းတယမြို့မ ရဲမှူး ဦးအောင်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူနှင့် ကျောင်းဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူနှင့် တာဝန်ကျ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ပရဟိတအသင်းဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)