ကလော မတ် ၁၆
မိုးရာသီကာလအတွင်း ကလောချောင်းရေကြီးရေလျံမှု ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကလောချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလောခရိုင် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကလောချောင်းအတွင်းဝဲ၊ ယာများရှိချုံ၊ နွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေချောင်းကိုချဲ့ထွင်ခြင်း၊ အမှိုက်များ၊ နှုန်းမြေများ ဆည်ယူလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကလောချောင်းသည် မိုးရာသီကာလများတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ကလောချောင်းရေလျံမှုများ ဖြစ်ပေါ်လျက်ရှိပြီး မြေနိမ့်ပိုင်းချောင်း ဘေးဝဲ၊ ယာလူနေအိမ်များတွင် ချောင်းရေများဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ကလောချောင်းသည် ရေစီးရေလာကောင်းမွန်ပြီး ရေလျံမှုများကြိုတင်ကာကွယ်နိုင်သည့်အတွက် ကလောချောင်းအနီးနေထိုင်ကြသည့် ဒေသခံပြည်သူနေအိမ်များ ချောင်းရေဝင်ရောက်မှုနည်းသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)