တွံတေး မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Women Club)နှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသက်ဦးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး Women Club အဖွဲ့ဝင် မဇင်ဇင်ဝေ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် စိတ်ကိုလှပအောင်ပြင်နည်း(အသိ၊သတိရှိခြင်း)စာအုပ်မှ စည်းကမ်းကျင့်ဝတ်၏အနှစ်သာရ သတိရှိခြင်းဆိုသော စကားလုံးထဲတွင်ရှိသည့် သတိရှိပါ အမှန်တကယ် အာရုံစူးစိုက်မှုဖြင့် သတိရှိဖိုလိုကြောင်း၊ မိမိအလိုရှိသောအချိန်တိုင်း အသက်ရှုခြင်းကို အသုံးပြုပြီး ကြွက်သားများကို ထပ်ခါထပ်ခါ အားဖြည့်ပါ။
သတိကပ်ခြင်းက အရေးကြီးကြောင်းကို ဖတ်ကြည့်ရန်လွယ်ကူပါသည်။ ပြီးလျှင်မေ့သွားပြီး တကယ်လက်တွေ့မကသုံးဖြစ်ကြကြောင်း၊ သတိရှိခြင်းနှင့် ၎င်း၏အကျိုးတရားများက သင်တကယ်ချိတ်ဆက်အာရုံမိမှသာ ပေါ်လွင်ထင်ရှားလာမည်ဖြစ်ကြောင်း ဖတ်မိသမျှ ပြောကြားခဲ့ပြီး အဖွဲ့ဝင် မအိဖြိုးသက်က စိတ်ကိုလှပအောင်ပြင်နည်း စာအုပ်ထဲမှသတိရှိရန် အားထုတ်လေ့ကျင့်ခြင်းသည် အထူးသဖြင့် နည်းစနစ်တစ်ခုမျှသာ မဟုတ်ဘဲဘဝနေနည်းတစ်ခုအဖြစ် တစ်ချိန်ပြီးတစ်ချိန် အရေးပါကြောင်းကို နားလည်သဘောပေါက်လာသောအခါ ပြောင်းလဲနိုင်စွမ်းနှင့်ကုစားပေးနိုင်သော အလားအလာများဖြစ်ကြောင်း သဘောပေါက် လာခြင်းနှင့်အတူ စွမ်းအားရှိသောစိတ်နှင့် ဆက်သွယ်ရေးနည်းလမ်းများအကြောင်း ဖတ်မှတ်မိသမျှပြောကြားခဲ့သည်။ ယင်းနောက်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Wome Club) အဖွဲ့ဝင်များနှင့်တက်ရောက်လာသည့် စာပေချစ်သူများက အပြန်အလှန်ဖတ်ကြား ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စာအုပ်ပါအကြောင်းရာများအား ဖြည့်စွတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွံတေးသား