မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

မိုင်းခတ် မတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၈ ရက်နေ့က စတင်ဖြေဆိုလျက်ရှိရာ ယ‌နေ့ နံနက်(၉)နာရီက အတွဲ(၂)ပထဝီဝင် ဘာသာရပ်ကို အထက(မိုင်းခတ်) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးတို့က အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပေး၍ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆို နိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ(၂) ပထဝီဝင်ဘာသာရပ်အား ‌ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၈) ဦး၊ ပျက်ကွက် သူ(၇)ဦး၊ လာရောက်ဖြေဆိုသူ စုစုပေါင်း(၁၁)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၆၁.၁၁) ရာခိုင်နှုန်းရှိပြီး၊ ပျက်ကွက်ရာခိုင်နှုန်း (၃၈.၀၉) ရာခိုင်နှုန်းရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)