ပေါက်တောမြို့၌ “လူငယ်နှင့်စည်းကမ်း” ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ပြုလုပ်

ပေါက်တော မတ် ၁၆

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက် အသိပညာဗဟုသုတပေးခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက “လူငယ်နှင့်စည်းကမ်း”ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်သည်။

အဆိုပါ အစီအစဉ်တွင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က Talk Show ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Youth Club အဖွဲ့ဝင် မောင်ခန့်စည်လင်းက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ လူငယ်စကားဝိုင်းနှင့် အသိပညာပေး (Talk Show) အစီအစဉ်များ ရိုက်ကူးပြီး ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ ငှားရမ်းပေးလျက်ရှိကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)