မိုင်းယန်း မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း အားကစားနှင့်ကာယပညာ သိပ္ပံသင်တန်းသားများ ရရှိရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများမှ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက မြို့နယ်အလိုက် တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ရွက်ပုန်းသီးမျိုးဆက် သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးနိုင်ရေး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် အားကစားနှင့်ကာယပညာ သိပ္ပံသင်တန်းသားများ ပေါ်ထွက်လာရေးအတွက် နယ်မြေကွင်းဆင်း၍ တွေ့ဆုံစစ်ဆေးခြင်းဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို မှာကြားလမ်းညွှန်ကာ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး