ကျိန္တလီ မတ် ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကဗျာရွတ်၊ ပုံပြင်ပြောနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးမှ ပြိုင်ပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကဗျာရွက်ဆို ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲအား ကျင်းပရာ မောင်စိုးလင်းအောင်က “မောင်ငယ်ရင်သွေး”ကဗျာဖြင့် လည်းကောင်း၊ မောင်တင်ဌေးအောင်က “တို့ကျောင်း”ကဗျာဖြင့်လည်းကောင်း၊ မဇွန်မင်းအေးက “ရခိုင့်တေး” ကဗျာဖြင့်လည်းကောင်း၊ မမိုးမြင့်ဟေမာန်ခင်က “သေမင်း” ပုံပြင်ဖြင့်လည်းကောင်း၊ မထက်ထက်ဦးက “ဖားဘုရင်မြေ” ပုံပြင်ဖြင့်လည်းကောင်း၊ မမေဇင်သင်းက “ခွေးကလေးငနီ” ပုံပြင်ဖြင်းလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ပန်းချီ ဝါသနာရှင် ကျောင်းသား/သူများမှလည်း စိတ်ကြိုက်ပန်းချီများရေးဆွဲ၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးမှ ဆုရရှိသော ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇော်လင်း