နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

နမ့်စန်(မတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နေ့လည် ၁နာရီခွဲက  ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးအေးချမ်းနိုင်တို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ အားကစားနှင့်ကျန်းမာရေး စသည် ခေါင်းစဉ်များနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များနွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အားကစားသင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ စသည်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsang Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။

သူရအောင်(ပြန်/ဆက်)