မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းပို့ချမံကိန်း ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းပို့ချ

မိုးညှင်း မတ် ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက မြစိမ်ရောင်ကျေးရွာစီမံကိန်းလက်စွဲစာစောင်ပါ စီမံကိန်းလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၏ ငွေကြေးထိန်းသိမ်း ဆောင်ရွက်မှုများနှင့် ကျေးလက်ဖွံ့ဖြိုးတိုးရေးဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် ဦးစီးအရာရှိဒေါ်ခင်မျိူးသွယ်နှင့် တာဝန်ရှိဝန်ထမ်းများက ငွေစာရင်းပုံစံ (၇) မျိုးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကာဒူကျေးရွာ၊ လွင်ဦးကျေးရွာ၊ အာလံဘိုလ်ကျေးရွာ၊ မြင်သာကျေးရွာနှင့် ဇီးကုန်းကျေးရွာများမှ အသစ်ပြန်လည်ရွေးချယ်ထားသည့် ကော်မတီဝင် (၁၆) ဦးအား နံနက် (၁၀) နာရီမှ ညနေ (၄) နာရီခွဲထိ တစ်ရက်တာ သင်တန်းပို့ချပေးကြောင်း သိရသည်။

ရွှေမိုးညှင်း