မြစ်သား မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆင်းရွှေကြာ(၂) နေကြာစိုက် တောင်သူများအနေဖြင့် နေကြာသီးနှံထွက်ရှိချိန်တွင် အထွက်နှုန်းကောင်းပြီး စျေးကောင်းရ၍ အဆင်ပြေနေကြောင်း သိရသည်။
ထို့နောက် မြစ်သားမြို့နယ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် မိုးနှမ်း၊ ဆောင်းနှမ်း၊ နွေနှမ်း၊ သုံးလ မြေပဲ၊ ခြောက်လမြေပဲများကို စိုက်ပျိုးကြသည့်အပြင် ဆင်းရွှေကြာ(၂)နေကြာကိုလည်း စီးပွားဖြစ်တောင်သူကြီးများ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံ နေကြာသည် အခြားဆီထွက်သီးနှံများ နှင့် နှိုင်းယှဉ်ကြည့်လျှင် စိုက်ပျိုးရလွယ်ကူသော သီးနှံဖြစ်သည်။ ယခုအခါ ဆင်းရွှေကြာ(၂) နေကြာတစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ(၄)သိန်းခွဲခန့်ကုန်ကျပြီး တစ်ဧကထွက်နှုန်းမှာ (၂၅)တင်းမှ တင်း(၃၀)ထိ ထွက်ရှိကာ တစ်တင်းကိုကြိတ်ခွဲလျှင် ဆီပိဿာ (၃) ပိဿာခွဲမှ (၄) ပိဿာ ထိထွက်ရှိကြောင်း၊ တစ်တင်းစျေးနှုန်းမှာ (၃၅၀၀ဝိ/) ကျပ်နှင့် (၄၀၀၀ဝိ/)ကျပ်ခန့်ရှိကြောင်း၊ လက်လီစျေးနှုန်းမှာတစ်ပိဿာလျှင် (၁၄၀၀ဝိ/)ကျပ်မှ (၁၅၀၀ဝိ/)ကျပ်ဖြင့် ရောင်းချကာ ဆင်းရွှေကြာ(၂) နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ငါးဆူအုပ်စု၊ ရွှေကြာအင်းကျေးရွာနေ တောင်သူဦးမျိုးကို ထံမှ သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)