တကောင်းမြို့တွင် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့်မုန့်များပေးဝေ

တကောင်း မတ် ၁၆

တကောင်းမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှစတင် ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုပြီးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အားဖြည့်အချိုရည်နှင့် အာဟာရပြည့်မုန့်များပေးဝေခြင်းကို ယမန်နေ နေ့လယ် (၁၂)နာရီက တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်၊ နယ်မြေစခန်းမှူး ရဲအုပ် အောင်ကိုဝင်းနှင့် တပ်ဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အားဖြည့် အချိုရည်နှင့် အာဟာရပြည့်မုန့်များ ပေးဝေခဲ့သည်။

ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌမနေ့ ဇီဝ​ဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား (၈)ဦး၊ ကျောင်းသူ (၂၇)ဦး စုစုပေါင်း (၃၅)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၁၁)ဖြေဆိုလျက်ရှိ၍ ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား (၃၄)ဦး၊ ကျောင်းသူ (၄၉)ဦး စုစုပေါင်း (၈၃)ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်း (၉၀.၂၂) ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)