မြင်းခြံ မတ် ၁၆
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ကျင်းပရာ မြင်းခြံမြို့နယ်အနေဖြင့် ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ (၁၅၀) ဦးနှင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ (၁၇၁) ဦးရှိကြောင်း သိရသည်။
မြင်းခြံမြို့နယ်အနေဖြင့် အထက-၁(မြင်းခြံ)နှင့် အထက(ဆီမီးခုံ) စာစစ်ဌာန (၂)ခု ဖွင့်လှစ် ဖြေဆိုရာ ဇီဝဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိ (၁၆၈) ဦး လာရောက်ဖြေဆိုသူ (၁၅၀) ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း (၈၉) ရှိသည်။ ဘောဂဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းရှိ (၂၂၀) ဦး လာရောက် ဖြေဆိုသူ (၁၇၁) ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း (၇၈) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအပြီးတွင် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)