ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အဆင့်မြင့် ပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်ပေး

ရွှေပြည်သာ မတ် ၁၅

ကျောင်းသား/သူများအား နွေရာသီကျောင်ပိတ်ရက်ကာလများအတွင်း လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန်၊ ကျောင်းစာအပြင် ဗဟုသုတများတိုးပွားစေရန်၊ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Community Center ခန်းမ၌ အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့)ကို ယနေ့နံနက် ၉ နာရီခွဲက ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အဖွင့်အမှာစကားပြောကြားပြီး ဦးထွန်းထွန်း(ကာတွန်း-မြတ်နိုး)က ပန်းချီဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းများကို သင်တန်းဆရာအဖြစ် ဦးချိုဝင်း (ချိုပန်းချီပညာရေး)၊ ဦးထွန်းထွန်း(ကာတွန်း-မြတ်နိုး)တို့က ရုံးပိတ်ရက်များမှအပ မတ်လ(၃၁)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး တက်ရောက်လာကြသော သင်တန်းသား/သူ(၃၇)ဦးတို့က စိတ်ပါဝင်စားစွာ သင်ယူလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း