တောင်ကြီး မတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ( World Consumer Rights Day) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရှမ်းတိုင်းရင်းသားရိုးရာ ကိန္နရီ၊ ကိန္နရာ၊ တိုးနယား အကဖြင့် ဂုဏ်ပြုကပြတင်ဆက်ခဲ့ပြီး ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကားပြောကြားသည်။
ထို့နောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ ပညာပေး Video Clip အား ပြသခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦး က စားသုံးသူရေးရာအကြောင်း ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းနှင့် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အခမ်းအနားသို့တက်ရောက်ကြသည့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသော ပြခန်းများအားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုးလင်း(တောင်ကြီး)