ကမာရွတ်မြို့နယ်၌ အလုပ်ခွင်ပြင်ပ ထိခိုက်မှုအတွက် အကျိုးခံစားခွင့်များထုတ်​ပေး

ကမာရွတ် မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Myat Mi Ba NG Industry Co.,Ltd(​ရွှေဝါစက်ရုံ)မှ အာမခံအလုပ်သမားဦးမျိုးသန့်သည် (၂၉.၁၂.၂၀၂၂)ရက်​နေ့ ည​နေ(၄း၀၀)နာရီအချိန်တွင် အလုပ်တာဝန်ပြီးဆုံး၍ စက်ရုံမှနေအိမ်ရှိရာသို့ပြန်လာစဥ် လှိုင်သာယာအဆင့်မြင့်မှတ်တိုင်အနီးတွင် ယာဥ်တိုက်မိ၍ ​သေဆုံးခဲ့ပါသည်။

အဆိုပါ ​သေဆုံးခဲ့သူ  ဦးမျိုးသန့်၏ အလုပ်တွင်ထိခိုက်ဒဏ်ရာရရှိမှုအတွက် လူမှုဖူလုံရေးအဖွဲ့မှ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေလုံးငွေရင်းတစ်လုံးတည်းခံစားခွင့် ငွေ ၇,၂၀၀,၀၀၀/- (ကျပ်ခုနှစ်ဆယ့်နှစ်သိန်းတိတိ)အား ထုတ်​ပေးခြင်းကို ယမန်​နေ့က ကျင်းပသည်။

ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး၊ တိုင်းတာဝန်ခံအရာရှိ၊ ဒုတိယညွှန်ကြားရေးမှူးဦးရဲဇော်ဝင်းက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပ​ဒေပါအကျိုးခံစားခွင့်များအ​ကြောင်း ရှင်းလင်းဆွေး​နွေးသည်။

ထို့နောက်  အာမခံအလုပ်သမားဦးမျိုးသန့်(သန့်ရှင်း​ရေး)၏ မိခင်ဖြစ်သူအား   စက်ရုံခန်းမတွင် လူမှုဖူလုံရေးရုံးဦးစီးအရာရှိ၊ နယ်မြေတာဝန်ခံဒုတိယဦးစီးမှူး၊ အလုပ်ဌာနမှတာဝန်ရှိသူများရှေ့မှောက်တွင် အခမ်းအနားဖြင့် ခွင့်ပြုငွေအား ရန်ကုန်တိုင်းတာဝန်ခံအရာရှိမှ ထုတ်ပေးခဲ့​ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)