နောင်ချို မတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့်(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ယနေ့မွန်းတည့် ၁၂ နာရီ စာမေးပွဲဖြေဆိုပြီးချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ လုံခြုံရေးတာဝန်ယူနေကြသော နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့၊ စွမ်းအားရှိသမျှကာကွယ်ပေးမယ်၊ တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်သူချစ်တဲ့တပ်မတော်ကဗျာ၊ ကာတွန်းစသည့်အချက်များ ပါဝင်ကြောင်းနှင့် အဆိုပါလက်ကမ်းစာစောင်များကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)