သိန္နီမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့် များပေးဝေခြင်းများဆောင်ရွက်

သိန္နီ မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များပေးဝေခြင်းကို ယနေ့နံနက်ပိုင်း အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၁၆) ခြေလျင်တပ်မဟာ စစ်ဦးစီးပထမတန်း (ဦး/ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးနိုင်တင်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူ ဒေါ်သူဇာအေးနှင့် ဆရာဆရာမများက တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆို ကြသည့် ကျောင်းသား၊ကျောင်းသူများအား အာဟာရမုန့်များနှင့် အချိုရည်များ ပေးဝေခဲ့ကြသည်။

သိန္နီမြို့နယ်၌ ၂၀၂၂−၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ (၃၅)ဦး၊ ပြင်ပဖြေဆိုသူ (၄၁)ဦး၊ စုစုပေါင်း (၇၆)ဦး ရှိပြီး (၈၁.၇၂)ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)