တန့်ယန်း မတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်တို့အား အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ ပျော်ရွှင်အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။
၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်း စာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၃)ဦး စာရင်းပေးသွင်းထားရာ အတွဲ(၁)တွင် ကျောင်းသား၊ ကျောင်းသူ (၆၀)ဦး၊ အတွဲ(၇)တွင် ကျောင်းသား၊ ကျောင်းသူ(၄၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၀၂)ဦး ဝင်ရောက်ဖြေဆိုရာ ၉၀ ဒဿမ ၃ ရာခိုင်နှုန်း ရှိကြောင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူများ၊ တာဝန်ကျ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ကာ အတွင်းစည်း/ အပြင်စည်း လုံခြုံရေးအဖွဲ့များ၊ ကျန်းမာရေး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)