မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်းတွင် စာဖတ်ဝိုင်းကျင်းပ

မိုင်းငေါ့ မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ရုံးခန်းတွင် ယမန်နေ့က နတ်သျှင်နောင်(ရွှေဂူ)ရေးသားသော “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာပေအကြောင်းအရာများကို နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့်စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် Book Club အဖွဲ့ဝင်များဖြစ်ကြသော နန်းကြည်ကြည်ခိုင်က "နွေရာသီကျောင်း ပိတ်ရက်လေးများ"၊ မ‌ဟေမာန်ဦးက "ဥယျာဉ်မှူးနှင့်ပန်းပင်ငယ်"၊ နန်းဆိုင်ဟွမ်က "ဘဝအဆင့်အတန်းမြှင့်တင်ကြပါစို့” စသည့် ခေါင်းစဉ်အသီးသီးကိုဖတ်ကြားခဲ့ကြပြီး စာအုပ်ပါ အကြောင်းအရာများကို  ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင်(၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)