ကျောက်မဲမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝ

ကျောက်မဲ မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့အ.ထ.က(၁)ကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်​ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူချစ်တဲ့တပ်မတော်ကဗျာ၊ ကာတွန်းစသည့် အချက်များပါဝင်သောသတင်းစကားလက်ကမ်းစာစောင်(၇၅၀)စောင်အား ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)